Abkhazia နှင့် Senaki ကြားရှိ Zugdidi မြို့ကိုလည်း ရုရှားတို့က ထိန်းချုပ်လိုက်ပြီ (၁၂-၈-၂၀၀၈)

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ရုရှားစစ်တပ်သည် ဂျော်ဂျီယာကို စစ်မျက်နှာနှစ်ခုခင်းပြီး တိုက်ခိုက်လျက် ရှိပါသည်။ ရုရှားတပ် များသည် ဂျော်ဂျီယာအလယ်ပိုင်းမြို့ဖြစ်သည့် Gori သို့ ဦးတည်တိုက်ခိုက်ရန်အတွက် မြို့အပြင်သို့ ရောက်ရှိ နေသည်ဖြစ်သည်ဟု ရုရှားအရာရှိများက ပြောကြားလိုက်ပါသည်။


    ထောင်နှင့်ချီရှိသည့် ဂျော်ဂျီယာစစ်တပ်နှင့် အရပ်သားများသည် Gori မြို့မှ မြို့တော် Tbilisi သို့ ထွက်ပြေးလာနေကြပြီ ဖြစ်ပါသည်။ Gori သည် ဂျော်ဂျီယာအတွက် အလွန်အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် တည်ရှိနေပါသည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားရာတွင် ဂျော်ဂျီယာစစ်တပ်၏ တိုက်ခိုက်မှုကို ကာကွယ်ရန် Senaki မြို့တွင် ရုရှားတပ်များ ချထားသည်ဟု ပြောကြားလိုက်ပါသည်။ ယခင်က Senaki သည် ဂျော်ဂျီယာတို့၏ စစ်ရေးအခြေစိုက်စခန်းနေရာ ဖြစ်ခဲ့ပါသည်။ ဂျော်ဂျီယာ ပြည်ထဲရေး ၀န်ကြီးဌာနက Abkhazia နှင့် Senaki ကြားရှိ Zugdidi မြို့ကိုလည်း ရုရှားတို့က ထိန်းချုပ်လိုက်သည်ဟု ပြောကြား လိုက်ပါသည်။

    ဂျော်ဂျီယာအစိုးရကလည်း Tbilisi မြို့တော်ကို ကာကွယ်ရန် စစ်တပ်အင်အား ထပ်မံတိုးချဲ့ ထားလိုက်ပါသည်။ ရုရှားတို့က စစ်ဆင်ရေးသည် ငြိမ်းချမ်းရေးထိန်းသိမ်းရန်သာဖြစ်ပြီး မြို့တော် Tblisi ကို ၀င်ရောက်တိုက်ခိုက်ရန် အခြိမ်းခြောက်ဟုဆိုသော်လည်း ဂျော်ဂျီယာဘက်ကမူ ၀င်ရောက်လာမည်ကို စိုးရိမ်လျက် ရှိကြပါသည်။


    သမ္မတဘွတ်ရှ်က ဂျော်ဂျီယာကို တိုက်ခိုက်ခြင်းကြောင့် ကမ္ဘာ့အလယ်တွင် ရုရှားတို့၏ ရပ်တည်မှုကို ထိခိုက်စေသည်ဟု ပြောကြားလိုက်ပါသည်။ ဂျော်ဂျီယာသမ္မတ လက်မှတ်ရေးထိုးထားသည့် အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ရုရှားတို့က လက်ခံရန် အမေရိကန်က တိုက်တွန်းလျက် ရှိပါသည်။

    ရုရှားသံအမတ်ကြီးက ကုလသမဂ္ဂ၏ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်မူကြမ်းကို လက်မှတ် မရေးထိုးနိုင်ဟု ပြောကြားလိုက်ပြီး ပြင်သစ်အရာရှိများက အဆိုပြုထားသည့် ကမ်းလှမ်းချက်မူကြမ်း တွင်လည်း အရေးကြီးသည့် ဒေသများ ပါ၀င်ခြင်းမရှိဟုဆိုကာ ပစ်တင် ရှုတ်ချလိုက်ပါသည်။ သံအမတ်ကြီးက အပစ်အခတ်ရပ်စဲရေးမူကြမ်းတွင် တောင်Ossetiaကို ယခင်ဂျော်ဂျီယာတို့မှ ကျူးကျော်ဝင်ရောက်ခြင်းနှင့် ပတ်သက်၍ ဖော်ပြထားခြင်းမရှိဟု ထောက်ပြထားပါသည်။


    ဂျော်ဂျီယာသမ္မတက စစ်လေယာဉ်များ ဂျော်ဂျီယာသမ္မတနန်းတော်တွင် ပျံဝဲနေမှုကြောင့် လုံခြံုသည့်နေရာသို့ သွားရမည်ဟု ပြောကြားလိုက်ပါသည်။ ရုရှားစစ်လေယာဉ် ၁၈/၁၉ စီးခန့်ကို ပစ်ချနိုင်ခဲ့ပြီး ထောင်နှင့်ချီပြီး ရုရှားစစ်သားများ ကျဆုံးခဲ့သည်ဟု ပြောကြားခဲ့ပါသည်။

    ရုရှား ကာကွယ်ရေးဝန်ကြီးက ဂျော်ဂျီယာနိုင်ငံတွင် ရုရှားစစ်တပ်တင့်ကား (၆၀၀)နှင့် စစ်သား (၂၅,၀၀၀)ခန့်ရှိပြီး တိုက်ပွဲဝင်စစ်လေယာဉ် (၄)စီးသာ ဆုံးရှုံးခဲ့ပါသည်ဟု ပြောကြားခဲ့ပါသည်။ ရုရှားသည် ဂျော်ဂျီယာကိုဝင်ရောက်ရန် စိတ်ဝင်စားမှု မရှိသော်လည်း တောင် Ossetia ရှိ ပြည်သူများနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းသည့် တပ်ဖွဲ့များအား ကာကွယ်ရန်တာဝန်ရှိသည်ဟု ရုရှားက ဆိုပါသည်။


    ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက တောင် Ossetia မြို့တော်ကို လုံခြံုရေးယူထားသည့် ဂျော်ဂျီယာ လုံခြံုရေးတပ်ဖွဲ့ဝင်များကို ဖမ်းဆီးပြီး လက်နက်များ သိမ်းယူခဲ့ပါသည်ဟု ဆိုပါသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန Colonel-General Anatoly Nogovitsyn ဂျော်ဂျီယာစစ်တပ်သည် တောင်Ossetia တွင် လူများအစုလိုက် သတ်ဖြစ်မှု ကျူးလွန်သည်ဟု အခိုင်အမာ ပြောဆိုထားပြီး တိုက်ပွဲဖြစ်စဉ်က အရပ်သားများ ပုန်းအောင်းနေသည့် တိုက်ခန်းများသို့ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုပါသည်။

    တိုက်ပွဲအပြင်းအထန် (၄)ရက်ဖြစ်ပြီးနောက် တောင် Ossetia မြို့တော်သည် စစ်မီးကြောင့် လောင်ကျွမ်းပျက်စီးခဲ့ပြီး အနည်းဆုံး လူ(၂,၀၀၀)ခန့် သေဆုံးခဲ့သည်ဟု ဆိုပါသည်။ ဂျော်ဂျီယာ စစ်တပ်သည် တနင်္ဂနွေနေ့ အစောပိုင်းကတည်းက Tskhinvali မှ စတင်ဆုတ်ခွာသွားပါသည်။ တောင် Ossetia သည် လူဦးရေ (၇၀,၀၀၀)ခန့်ရှိသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ပြည်သူအများစုက မြောက် Ossetia နှင့် ပေါင်းစည်းပြီး ရုရှား၏ အစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်ရန် လိုလားလျက် ရှိပါသည်။ ရုရှားအစိုးရက တောင် Ossetia အစိုးရကို ထောက်ပံ့ပေးလျက်ရှိပြီး နိုင်ငံကူးလက်မှတ်များ ထုတ်ပေးကာ ရုရှားလူမျိုးများအဖြစ် အသိအမှတ်ပြု ခေါ်ဆိုနေကြပါသည်။






    လင်းဦး (စိတ်ပညာ)

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo