ဘီလ်ဂိတ်စ် မိုက်ခရိုဆော့ဖ်ကုမ္ပဏီကြီးမှအနားယူပြီ

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels: , ,

  • ဘီလ်ဂိတ်စ်သည် ၎င်း ကိုယ်တိုင် ကမ္ဘာ့အကြီးမားဆုံး ဆော့ဖ်ဝဲ ကုမ္ပဏီကြီး တစ်ခု ဖြစ်အောင် စတင်တည်ထောင်ပေးခဲ့သော မိုက်ခရို ဆော့ဖ် ကုမ္ပဏီကြီး နှင့်နောက်ဆုံးခွဲခွာ တော့မည့် သောကြာနေ့က မျက်ရည် လည်ရွဲ နှင့်ကုမ္ပဏီကို နှုတ်ဆက် ခဲ့သည်။

    မိုက်ခရိုဆော့ဖ်ကုမ္ပဏီကို တွဲဖက်တည်တောင်ခဲ့သူ အသက် ၅၂ နှစ် အရွယ်ရှိ လုလင်ငယ် မျက်နှာပေါက်နှင့် ငြီးငွေ့ဖွယ် ဟန်ပန် မူရာရှိသော ဂိတ်စ် သည် ဘီလ် နှင့် မီလင်ဒါဂိတ်စ် ဖောင် ဒေးရှင်းကိုအာရုံစူးစိုက် ဆောင်ရွက် နိုင်တော့ မည်ဖြစ်သည်။

    ဂိတ်စ်၏ အနားယူမည့် နှုတ်ဆက်ပွဲသို့ ကံစမ်းမဲဖြင့် တက်ရောက် ရန် ရွေးချယ် ထားသည့် မိုက်ခရိုဆော့ဖ် ၀န်ထမ်း ၈၀၀ ကျော် ရှေ့မှောက်တွင် ဂိတ်စ်က သူ၏ဘဝသည် ဆော့ဖ်ဝဲ ဆိုင်ရာ လုပ်ငန်းနှင့် မယုံကြည်နိုင်လောက်အောင် ကောင်းကြသည့် လူများနှင့် အလုပ်လုပ်ရခြင်းဖြစ်ကြောင်း ပြောသွား ခဲ့သည်။

    ၀ါရှင်တန်ပြည်နယ် ရက်မွန်းမြို့ရှိ မိုက်ခရိုဆော့ဖ်ကုမ္ပဏီ ပရဝဏ်အတွင်း ၌ ကျင်းပခဲ့သည့် နှုတ်ဆက်ပွဲ၌ အမှု ဆောင်အရာရှိချုပ် စတိဗ်ဘောလ်မာ လည်း ရှိနေခဲ့သည်။

    မိုက်ခရိုဆော့ဖ်နှင့် ၎င်းင်း၏ ကြီးကျယ် သည့် လုပ်ငန်းကြီးများ ဆောင်ရွက်နေ ခြင်းကို တစ်နေ့မှ မေ့နိုင်မှာမဟုတ် သည့်အပြင် ကိုယ်တိုင်ပါ၀င်ချင်နေမှာ ဖြစ်ကြောင်း ဂိတ်စ်က ပြောခဲ့သည်။

    ၁၉၇၅ ခုနှစ်က မော် တော်ကားဂိုဒေါင်တစ်ခု တွင် ဂိတ်စ်နှင့်အတူ မိုက်ခရိုဆော့ဖ်ကိုစတင် လက်တွဲတည်ထောင် သူ ပေါလ်အယ်လင် သည်လည်း သောကြာ နေ့ည၌ကျင်းပခဲ့သည့် ဂိတ်စ်အား နှုတ်ဆက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

    ဂိတ်စ်သည်အသက် ၁၃ နှစ်အရွယ်ကစ၍ ၀ါရှင်တန် ပြည်နယ်၌ ကွန်ပျူတာများ ပရိုဂရမ် ရေးဆွဲခြင်းကို စတင် လုပ်ခဲ့သည်။

    ဂိတ်စ်၏ဖခင်ဖြစ်သူ ၀ီလျံဂိတ်စ် စီနီ ယာနှင့် ဗီဒီယို တွေ့ဆုံမေးမြန်းမှုကို မိုက်ခရိုဆော့ဖ် ၀က်ဘ်ဆိုက်မှာ တင်ပြ ခဲ့ရာ၌ သားဖြစ်သူ ဂိတ်စ်သည် ငယ်စဉ် ကတည်းကပင် မရောင့်ရဲနိုင်သည့် သိလိုစိတ် ပြင်းပြသူတစ်ယောက်ဖြစ်ခဲ့ သည့်အပြင် အလွန်စာဖတ်ဝါသနာပါ သူ၊ စာတော်သူတစ်ယောက် ဖြစ်ခဲ့ သည်ကို ဂုဏ်ယူချီးကျူးပြီး ပြောကြား ခဲ့သည်။ ဂိတ်စ်သည် ၎င်းင်း၏ ဗဟုသုတ သိလိုစိတ်ပြင်းပြမှုနှင့်အတူ ၁၉၇၃ ခုနှစ်တွင် ဟားဗတ်တက္ကသိုလ်သို့ စတင်တက် ရောက်ခဲ့သည်။

    ဟားဗတ်တက္ကသိုလ်၌ စတိဗ်ဘောလ် မာကို တွေ့ခဲ့ရာမှာ ဘောလ်မာသည် မိုက်ခရိုဆော့ဖ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီး ၂၀၀၀ ပြည့်နှစ်၌အမှု ဆောင် အရာရှိချုပ်ဖြစ်လာခဲ့သည်။

    ဟားဗတ်တက္ကသိုလ်၌ နှစ်နှစ်ကြာ တက်ရောက်ခဲ့ပြီးနောက် မိဘများ၏ ခွင့်ပြုချက်ဖြင့် ဂိတ်စ်သည်တက္ကသိုလ် မှ ထွက်ခဲ့ပြီး ပေါလ်အယ်လင်နှင့်အတူ မိုက်ခရိုဆော့ဖ်အား တည်ထောင်ရန် စတင်ကြိုးပမ်းခဲ့သည်။

    (စားပွဲတိုင်းနဲ့အိမ်တိုင်းမှာကွန်ပျူတာ ရှိရမယ်)ဟူသည့် ဆောင်ပုဒ်ကို မိုက်ခရိုဆော့ဖ်က ထွင်ခဲ့သည့်အပြင် ကွန်ပျူတာတိုင်း ၎င်းင်းတို့၏ဆော့ဖ်ဝဲကို အသုံးပြု ကြစေရန်ကိုလည်း ကြိုးပမ်း ခဲ့သည်။
    All-Channel.com

    လင်းဦး(စိတ်ပညာ)

    1 comments:

    thonn thonn said...

    ကောင်းတယ် အကိုရာ .. ကမာ္ဘနဲ့ချီတဲ့ သတင်းထူးတွေတင်ပေးတာ ..ဖတ်ရသူတွေအတွက်လည်း အရမ်းအကျိုးရှိတယ် (စားပွဲတိုင်းနဲ့အိမ်တိုင်းမှာကွန်ပျူတာ ရှိရမယ်)ဆိုတဲ့ဆောင်ပုဒ်ကိုလည်း တော်တော်သဘောကျတယ် ။

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo