သူမ၏ စိတ်ဓါတ်ရေးရာသည် အမြင့်ဆုံး စွမ်းဆောင်နိုင်လိမ့်မည်ဟု ကျွန်တော်ထင်ခဲ့ခြင်းသည် မမှားခဲ့ပါ။ သူမ ၆ တန်းနှစ်တွင် ဂီတရေစီးကြောင်းကို စိတ်ဝင်စားလာသည်။ ခံစားမှုကို ဦးစားပေးလာသည်။ နောက်ဆုံး သူဆုံးဖြတ်ချက်တစ်ခုကို တစိုက်မတ်မတ် ချခဲ့သည်။ သူမသည် ဂစ်တာတီးသင်တန်းတက်ရောက်ရန် သူမ၏အိမ်ကို ခွင့်ပန်ခဲ့သည်။ သို့သော် သူမ၏ မိဘများမှ ခွင့်မပြုခဲ့ပါ။ ထို့ကြောင့် သူမသည် ထမင်းမစားတော့ပါ။ ကျောင်းမသွားတော့ပါ။ စာမကျက်တော့ပါ...ထိုသို့ သူမ ဆန္ဒပြခဲ့သည် ။ သို့နှင့် ..............သူမ၏မိဘမှ ခွင့်ပြုခဲ့သည်။
သူမ သင်တန်းကျောင်းသို့ ရောက်လာသည်။ ထိုအချိန် ကိုနိုင်ဇော် (လေးဇီးကလပ်)တို့ ရောက်နှင့်နေပြီးချိန် ဖြစ်ပါသည်။ သင်တန်းတွင် သူမသည် အငယ်ဆုံးဖြစ်နေသည်။ သင်တန်းတွင် တစိုက်မတ်မတ် ပြောသမျှကို သူမ သေချာ လေ့ကျင့်လိုက်နာလေ့ရှိသည်။ သူမ ဒီသင်တန်းတက်ဖို့ ကတိတွေ ပေးခဲ့ရသည်။ တစ်နှစ်တစ်တန်းတော့ အောင်အောင် လုပ်မည်ဟူ၏။
သူမ တစ်နှစ်တစ်တန်း အောင်ခဲ့ပါသည် ။ သီချင်းများကို တစ်ပုဒ်ပြီးတစ်ပုဒ် ရေးခဲ့သည်။ ရစ်သမ်စီးကြောင်းတွေကနေ တဖြည်းဖြည်းနဲ့ သူမ အမြင့်ဆုံးသို့ရောက်ခဲ့သည်။ အထူးချွန်ဆုံးဖြစ််ခဲ့သည်။ သူမ၏ လိဂ်ဂစ်တာ သရုပ်ပြကစားသောအခါ ကျန်သင်တန်းသားများအားလုံး ငေးမောခဲ့ရသည်။ ပညာဟူသည် ကုန်ခမ်းသည် ဟူ၍ မရှိပါ။ သူမ ဆက်လက်ကြိုးစား သင်ယူနေဆဲ။ ဇွဲမလျှော့ခဲ့။ စတူဒီယိုတွင် အိပ်ရေးပျက်အောင်လည်း နေနိုင်သူဖြစ်သည်။ တစ်ဖက်ကလည်း စာကိုအာရုံစိုက်နေရဆဲ။ ထိုသို့ သူမ ကြိုစားခဲ့ရသည်။
သူမ၏ စိတ်တွင် ခနိုးမနောင့် ဖြစ်လာသော နေ့ရက်တွေရှိလာသည်။ သို့နှင့် ..သူမ၏အိမ် ရှာဖွေခြင်း ခံခဲ့ရသည်။ နိုင်ငံရေးဟူသော ခေါင်းစဉ်အောက်တွင် သူမမြတ်နိုးသော တူရိယာပစ္စည်းများ အသိမ်းခံလိုက်ရသည်။ ဂစ်တာကို ဖက်အိပ်တတ်သည်ဟူသော သူမ၊ ဘယ်လောက် ခံစားရမည်နည်း။ အကြောင်းပြချက်မရှိဟူသော ခေါင်းစဉ်အောက်တွင် သူမ ပိတ်ပင်ခံခဲ့ရသည်။
သူမ ပျောက်ဆုံးခဲ့ရသည်။ အခြားနိုင်ငံသို့ ထွက်သွားသည်ဟု ပြောကြသည်။ သူမကို မတွေ့ရတော့ပါ။ သူမချစ်သော မိဘနှင့် ဂီတကိုစွန့်ကာ သူမထွက်သွားလေပြီ။ သူမ၏ ဂီတသံစဉ်တွေမှ တိုက်ပွဲတစ်ခုင်္ဆီ ဦးတည်ခဲ့လေပြင်္ီ။ သူမကို လွမ်းမောနေဆဲ....။ သူမကို တမ်းတ သတိရနေကြသူများ ရှိနေကြသည်ကို သူမ သိပါစ။
သို့နှင့်............ သူမနှင့် ကျွန်တော်တို့ ဝေးခဲ့ရသည်။

လင်းဦး (စိတ်ပညာ)
4 comments:
စိတ်မကောင်းစရာပဲ..အဆုံးသတ်ကလေးက စာဖတ်သူကို တော်တော်ထိစေတယ် ..(ဝမ်းနည်းတတ်သူများ မဖတ်ရ ) ရေးထားရင် ကောင်းမယ်နော် ..း)
အင်း.. တိုက်ဆိုင်မယ်ဆို တိုက်ဆိုင်စရာပါ.. စိတ်မကောင်းဘူးဗျာ ကိုယ်စီခံစားမှုလေးတွေအတွက်
အေးဗျာ... အဲလိုလူတွေဘယ်နှစ်ယောက်ရှိမလဲ....
ဖိုးမောင်
သူမဆိုတဲ့ပို့စ်လေးက ရိုးရှင်းပြီးအဆုံးသတ်မှာ
"ဟာ" ကနဲ့ဖြစ်အောင် စိတ်မကောင်ဖြစ်ပြီး
သူမ တစ်ယောက် သူမ ချစ်သောဂစ်တာလေးနဲ့ မိသားစု
သူမချစ်သောသူတွေနဲ့အမြန်ဆုံးဆုံဆည်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အစ်ကို
လေးစား အားပေးလျက်
မေသူ
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)