ကျွန်တော်တို့ရဲ့ တက္ကသိုလ်ဆိုင်လေးကနေ အထွက်
သူ့ကို ကျွန်တော် တွေ့ခဲ့ရတယ်...
ဦးချစ်ဆီမှာ လက်ဖက်ရည် မသောက်ချင်တော့ဘူး၊
သစ်ပုတ်ပင်မှာ သီချင်းမဆိုချင်တော့ဘူး၊
ကံကော်ပင်အောက်ကနေ ရောင်းရင်းတွေကို
မစောင့်ချင်တော့ဘူး၊
ကတ္တီပါ ဖိနပ်တွေအကြောင်း
မဆွေးနွေးချင်တော့ဘူး၊
သူဟာ ကျွန်တော်ရဲ့ မြက်ခင်းသစ်
သူဟာ မိုးတွေခေါ်လာသလို
နွေလိုပဲ ပူလောင်ပြတတ်သူပါ။
သက်တံကိုတောင်
အရောင်တိုးချင်နေသူ၊
တကယ်တော့ ..........
သူဟာ
စာအုပ်ရဲ့ အနှစ်သာရနဲ့
တန်ဖိုးကို နားမလည်သူပေါ့ ။
စာအုပ်ကို ၀ယ်ပြီး
ရေထဲ လွှင့်ပစ်ရင်ပစ်မယ်၊
ကျော်ဖတ်ရင် ဖတ်မယ်၊
ဒါမှမဟုတ်.......
တစ်ခုကတော့
အဲ့နေ့က သူ
ကျွန်တော့်စာအုပ်ကို ၀ယ်ခဲ့တယ်၊
ကျော်ပဲ ဖတ်သလား၊
ရေထဲကိုပဲ လွှင့်ပစ်သလားဆိုတာ
ကျွန်တော်မသိခဲ့ဘူး၊
သေချာတာ တစ်ခုကတော့
သူ ... ကျွန်တော့်ရင်ဘတ်ကို
ဖတ်ခဲ့တယ်.... ။
ကဗျာကောက်ကြောင်းတွေနဲ့
တမလွန်ကို ယှဉ်ထိုးနေသူတစ်ယောက်ကို
ယမမင်းက ဖိတ်ခေါ်ခဲ့တဲ့ နေ့ပေါ့။
စားပွဲပေါ် ဓါးထောက်ပြီး
ကျိန်ခိုင်းနေလေရဲ့။
အချစ်ဆိုတာ ပြယုဂ်တစ်ခုလား
မေတ္တာဆိုတာ နီရဲနေတဲ့
မျက်ဝန်းတစ်စုံလားတဲ့။
ကျွန်တော်က ဖြေလိုက်တယ်
အခုလို ရွာနေတဲ့ မိုးလိုပဲ
မည်းပြီး ညိုနေတဲ့ နေ့တွေရှိသလို
နေသာရင်းလည်း ရွာတဲ့နေ့တွေရှိတယ်။
သတိထားရမှာက
ခင်ဗျား ထီးရှိနေဖို့ပဲလို့ ။
ဘယ်သူက
တွေးမှာလဲ..
ဒီလိုအဖြစ်ပျက်မျိုးကို ။
ဘယ်သူက
ကြံုဖူးမှာလဲ
ဒီလို သူစိမ်းဆန်မှုမျိုးကို။
နှလုံးသား အဓိပတိလမ်းမှာ
အအေးပတ် ခဲ့တယ်။
သူက
အခြားတစ်ယောက်နဲ့
ကူးလား လျှောက်ဖြတ်
အမူးသမား တစ်ယောက်လို
အော်အော်ပြောနေတဲ့ အပြံုးများ
မိုးပေါက်တွေကြားက
ကျွန်တော့်မျက်ရည်တွေ ရောနေတာ....
တစ်ချက်ရှိုက်တိုင်း
မိုက်ခဲ့သမျှ ကြေစေဖို့
ဆုတောင်းပါတယ် ၊
သေချာတာကတော့
အဲ့ဒီနေ့က ကျွန်တော် ထီးမပါလာခဲ့ဘူး။
တကိုယ်လုံးရွှဲလို့ပေါ့။ .........။
လင်းဦး(စိတ်ပညာ)
(ည ၁၁း၄၀ အချိန်တွင် ခံစား ရေးဖွဲ့ပါသည်)
10 comments:
အချစ်မပါလဲ ထီးလေးတော့ ပါလာသင့်တာပေါ့အကိုရာ.. :)
အချစ်ဆိုတာ ပြယုဂ်တစ်ခုလား
မေတ္တာဆိုတာ နီရဲနေတဲ့
မျက်ဝန်းတစ်စုံလားတဲ့။
ကျွန်တော်က ဖြေလိုက်တယ်
အခုလို ရွာနေတဲ့ မိုးလိုပဲ
မည်းပြီး ညိုနေတဲ့ နေ့တွေရှိသလို
နေသာရင်းလည်း ရွာတဲ့နေ့တွေရှိတယ်။
သတိထားရမှာက
ခင်ဗျား ထီးရှိနေဖို့ပဲလို့ ။
ဒါလေးတော်တော်ကြိုက်တယ်ဗျာ
အစ်ကိုရေ
ကျွန်တော်ငမိုက်သားကလည်းထီးမရှိဘူးဗျာ
အဲ့တော့စိုရွှဲနေတာပေါ့
အအေးမိပြီးဘယ်နေ ့သေမလဲမသိဘူး
သေသွားလည်း.........
၀တ်ကျွတ်သွားတာပေါ့လေ။
ကဗျာလေးတော်တော်ကြိုက်တယ်။
တူညီစွာခံစားမိလို ့ပါ။
အားပေးနေပါတယ်ခင်ဗျာ။
အကို ထီးလေးတစ်ချောင်းပိုင်နေပါစေလို့ ဆုတောင်းပေးပါတယ်။ ဒါပေမဲ့ တခါတခါ အဲသည်လို စိုရွှဲသွားရတာကိုက အရသာဗျ :)
ပျော်ရွှင်ချမ်းမြေ့ပါစေခင်ဗျာ ။
:-) .. .
လေးတာချင်း အတူတူ ရေဗူး ဆောင်တတ်ပေမယ့် ထီးမယူတတ်ဘူး .. .
မိုးကိုချစ်လို့ ထီိးပါလဲ မဆောင်းဘူး။
သူ့ရဲ့ သူစိမ်းဆန်မှုကိုလည်း ချစ်လို့
ပျော်ပျော်ကြီး လွမ်းနေတယ်။
မိုးရေနဲ့ ရောပြီး ငိုမိတာကလွဲရင်ပေါ့လေ............
ဂိမ်းသီအိုရီ (Game Theory) ဆိုတာ သချင်္ာမှာ ရှိတယ်ဗျ။ မိုးရွာမရွာ ထီးယူဖို့ သင့်မသင့် ကိုယ့်ဟာကိုယ် တွက်လို့ရတယ်ဗျ။ အဲ... ရည်စားလာမလာတော့ တွက်လို့ရမယ် မထင်ဘူး။
ကဗျာကို လာခံစားသွားတယ်
ကဗျာကို ....ကြိုက်သွားပြီ
ထီးတစ်ချောင်းရှိရုံနဲ ့တော့ မိုးမစိုဘူးလို ့
ငါမထင်မိဘူး မိုးကသည်းရင် စိုမှာပဲ
မတော်တဆ နာဂစ်လိုမျိုး ကြံုလာခဲ့ရင်ရော
မိုးရွာတဲ့ အခြေအနေပေါ်ကို မူတည်ပြီး
ထီးဆောင်းသင့်ရင်ထီး
မိုးကာဝတ်သင့်ရင်မိုးကာ
လုံခြံုတဲ့နေရာကို ထွက်ပြေးသင့်ရင် ထွက်ပြေးရလိမ့်
မယ်လို ့ငါထင်တယ်
အဟဲ
:P
ဒီကဗျာလေး တော်တော်ကောင်းတယ် ကိုလင်းဦးရေ =)
အားပေးနေပါတယ်
ဟုတ်တယ်.. ဘယ်တော့မှ ထီး မယူတတ်ခဲ့ဘူး။
ဘယ်တတ်နိုင်မလဲ...
း(
ကဗျာ တွေ ပြန်လှန်ဖတ်ဖြစ်ရင်း ချန်ခဲ့တဲ့ ခြေရာပါ..။
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)