skip to main |
skip to sidebar
ပြောရဦးမယ်။ပြောကိုပြောမှဖြစ်တော့မယ်။မြန်မာကတော့ပွဲဦးမှာစရှုံးတော့တာပဲမြန်မာ ....မြန်မာ ... ဒီလောက်ထိတောင် ခြေကွာလိမ့်မယ်မထင်မိဘူး။ ထိုင်းအသင်း ဘက်ကလည်းမြန်မာအသင်းကို တော်တော် အထင်ကြီးနေတာ၊မြန်မာအသင်းဟာ ကစားရခက်လို့ သူတို့တွေကြောက်ကြပါတယ်။အခုတော့ဗျာ ၊ သူတို့ကတော့ မြန်မာဆို တာဘာမှမဟုတ်တော့ပါဘူးဖြစ်နေပြီပေါ့။ ပြီးတော့ ဘောလုံးစကေးတွေကအစ အရမ်း ကွာဟနေတာတွေ့ရပါလိမ့်မယ်။ ဒီပွဲကို အကြိတ်အနယ်ရှိမယ်လို့ ထင်ထားတာလွဲ ကြီးပါပဲ။ ထိုင်းကစားသမား တစ်ယောက်ကို မြန်မာကစားသမား(၄)ယောက်လောက်က လိုက်လု၊ လိုက်ကပ်နေတာ။ နောက်တန်းကလည်း ဖရိုဖရဲနဲ့။ ထိုင်းအသင်းက ဖောက်ချင်တိုင်း ဖောက်နေတယ်။ ကိုယ့်မြန်မာကို ပြောရတာလည်းမကောင်းပါဘူး။ ဒီလောက်ထိတောင်ည့ံရလား။ ဘာတဲ့ ဆောင်ပုဒ်က “မြန်မာ့အားကစား၊ ကမ္ဘာကိုလွှမ်းစေရမည်”တဲ့။လုပ်လိုက်ရင်တော့တလွဲ။ကိုယ့်အာဆီယံနိုင်ငံတွေထဲမှာတောင် ဘာမှမဖြစ် လာသေး ဘူး။ ကြီးကြီးကျယ်ကျယ်အော်နေကြတာ ။ ဆီးဂိမ်းမှာ ရကို ရရမယ်တဲ့။ ဘာလဲတော့မသိဘူး။ အခု မြန်မာ ပြည်သူတွေတော်တော်များများကကိုယ့်နိုင်ငံပွဲကိုတောင် မကြည့်ချင်ကြတော့ဘူး။ တော်တော်လေးစွဲဆောင်မှု ရှိတယ်ဆိုတော့၊ ပရိသတ်အားပေးရကျိုးနပ်တယ်ဆိုတော့။ သူငယ်ချင်တစ်ယောက်ကို မြန်မာရှုံးကြောင်းပြော တော့ “ မင်းမို့လို့ ဒီပွဲကို ကြည့်ရတယ်လို့” ပြန်ဟောက်တာခံခဲ့ရပါတယ်။ ဆိုလိုတာကတော့ မကြည့်နဲ့ သိပြီး သား ဆိုတဲ့ သဘောမျိုးမဟုတ်ပါလား။ အင်း မြန်မာ..မြန်မာ.....
0 comments:
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)