ကျွန်တော်ပြောချင်နေတဲ့ကျွန်တော့်အမြင်(၁)

Posted on
  • by
  • လင်းဦး(စိတ်ပညာ)
  • in
  • Labels:

  • သူငယ်ချင်းတွေထဲမှာ ဘောလုံးကိုရူးသွပ်သူ တော်တော်များရှိပါတယ်။ကိုယ်ကြိုက်ရာ အသင်းစွဲတွေနဲ့အားပေးကြပါတယ်။ကျွန်တော်လည်းဘောလုံးကို ရူးသွပ်သူတစ်ယောက်ပါ။ ကိုယ်အားပေးတဲ့ အသင်းကို ဆုဖလားရစေချင်တာပါပဲ။ ဒါပေမယ့်ကိုယ့်အသင်းပဲ ဆုဖလားရရမယ် ၊ အကောင်းဆုံးအသင်း ဆိုပြီး အစွန်းရောက် အားပေးသူတစ်ဦး မဟုတ်ပါ။
    တစ်နေ့ကလက်ဘက်ရည်ဆိုင်ထိုင်တော့ဘေးနားကဝိုင်းကလူလေးယောက် ပြောနေသံကို ကြားရပါတယ်။ မန်ယူသမားက သူတို့ရဲ့ ဖာဂူဆန်ဟာ အင်မတန်ဉာဏ်ကောင်းကြောင်း ၊ တော်ကြောင်း၊ မန်ယူကစား သမားများဟာ ကစားရာတွင် သန့်ရှင်းစွာကစားတတ်ကြောင်း စသည်ဖြင့်သူ့ရဲ့မန်ယူကိုအမွှန်းတင်နေပါတော့တယ်။ကျန်သုံး ယောက်ထဲကတစ်ယောက်ကတော့ချဲလ်ဆီးရဲ့အမာခံပရိသတ်ဖြစ်ကြောင်း၊ မော်ရင်ညိုမရှိပေမယ့်လည်းဆုဖလားကို ရယူနိုင်ကြောင်းသူတို့ တွေပြောဆိုနေကြပါတယ်။ မကြာပါဘူးတဖြည်းဖြည်းနဲ့ငြင်းခုံနေကြတာစကားစစ်ထိုးမှု အမြင့်ဆုံးကိုရောက်လာတယ် လို့ပြောရမှာပါပဲ။ ဘေးကခုံတွေဆွဲပြီး နှစ်ယောက်သား ချကြပါလေရောဗျာ။ ကျန်နှစ်ယောက်က ဆွွဲထားပေလို့သာပေါ့။နောက်မို့ ဆိုဒိထက်ပိုဆိုးနိုင်တဲ့ အခြေအနေပဲ။ အသင်းကိုကြိုက်တာ ဒီလောက်ထိဖြစ်ဖို့လိုပါသလား။ အသင်းတစ်သင်းအပေါ် ကြိုက်ခွင့် ၊ ဝေဖန်ခွင့်တွေလူတိုင်းရှိကြတာပဲ။ကိုယ့်အသင်းက တော့ ကောင်းပြီး သူများအသင်းကိုတော့ မကောင်းပြောတာ မျိုးတော့ မလုပ်သင့်ပါဘူး။ တစ်ချို့ဆိုရင် ကိုယ့်အသင်းမှ ကိုယ့်အသင်း၊ ကိုယ်အားပေးတဲ့အသင်းက ကစားသမားမှား နေရင်တောင်မှ မမှားဘူးလို့ ဒိုင်ခံငြင်းတဲ့သူ၊ အသင်းရှုံးးနေရင် တစ်ဘက်ကစားသမားကို ရိုက်ချိုးပစ် လိုက်လို့ဆိုတာ မပြောသင့်ပါဘူး။ ကိုယ့်ဟာကိုယ် အားပေးချင်သလိုအား ပေးမယ် မင်းနဲ့ဘာဆိုင်လဲလို့ မေးကြပါလိမ့်မယ်။ ကျွန်တော်အမှန်အတိုင်းပြောရရင််နိုင်ငံခြားဘောလုံးပွဲတွေကြည့်ပြီးတစ်ယောက်နဲ့ တစ်ယောက် စိတ်ဝမ်းမကွဲစေချင်လို့ပါ။ အားမပေးနဲ့လို့မဆိုလိုပါဘူး ။ မျှမျှတတနဲ့ အစွန်းမရောက်ဖို့ ပြောချင်တာပါ။

    0 comments:

    Post a Comment

    ကဗျာဆရာ
    အသပြာနတ္တိ
    ဈေးထဲမှာ မုန့်လုပ်ရောင်း
    ၀မ်းကျောင်းနေ၏.......။
    လင်းဦး(စိတ်ပညာ)


    Twitter

     
    Copyright (c) 2010 Myanmar Blogger byLin Oo