ကျွန်တော်တို့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ တကယ့်စစ်မှန်တဲ့လမ်းကို လျှောက်ဖို့ စေတနာထားပြီး ပြောချင်နေတာပါ။ဗုဒ္ဓဘာသာစစ်စစ်မှာဗေဒင်မပါပါဘူး။နတ်ကိုးကွယ်ယုံကြည်မှုမရှိရပါဘူး၊ ရတနာ သုံးပါးကိုပဲ ကိုးကွယ် ဆည်းကပ်ရပါမယ်။
အိမ်တိုင်း အိမ်တိုင်းမှာအနည်းဆုံးတော့ အိမ်တွင်းဖခင်ကြီးဆိုပြီး အတော်များများထားရှိ ကိုးကွယ်နေ ကြပါတယ်။ အဲ့ဒိလို နတ်ကိုးကွယ်မှုပြုတဲ့ ဗုဒ္ဓဘာသာကို အဆင့်နိမ့်ဗုဒ္ဓဘာသာလို့ခေါ်ပါတယ်။ အမေမွေးလို့ လူ့ လောကထဲရောက်လာ၊ မိဘတွေရှိခိုးတာကိုတွေ့လို့လိုက်ရှိခိုးနေကြသူတွေကို မိရိုးဖလာဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
မိဘတွေကလည်း သားသမီးတွေရှေ့မှာ ဘုရားကိုတော့ သောက်တော်ရေလောက်ကပ်၊ နတ်များကို ကျ တော့ စားဖွယ်သောက်ဖွယ်စုံနဲ့ နေ့စဉ်နှင့်အမျှ ပူဇော်ပသနေကြတာတွေဟာ မိမိတို့သားသမီးတွေကို အရိုးစွဲ လမ်းလွဲစေခဲ့တာပါပဲ။ ပြီးတော့ပြောကြပါသေးတယ်။ ဒီနတ်တွေမကိုးကွယ်ရင်ဘဲ ဒုက္ခရောက်တော့မလိုလိုမျိုး (နတ်ကိုင်မယ်ပေါ့) ဆိုတာမျိုးတွေ ပြောကြလေ့ရှိကြပါတယ်။ မျိုးဆက်သစ်လူငယ်တွေကလည်း အကြိမ်ကြိမ် မြင်ဖန်များလာတဲ့အခါ မိဘတွေအတိုင်း လမ်းလွဲကို ရောက်သွားပါတော့တယ်။
အဲ့ဒီ (၃၇)မင်း နတ်တွေဆိုတာဟာ အနိမ့်စားနတ်တွေပါ။ လူတွေကျွေးမှစားရတာပါ။ ဒါကို လူတွေက ကန်တော့နေကြတယ်လို့ဗျာ။ ပြီးတော့ဒီနတ်တွေက သူများမယားပြစ်မှား၊ အရက်သေစာသောက်စား စသည် အားဖြင့် မကောင်းမှုတွေလုပ်ပြီး သေခဲ့ကြသူတွေပါ။ တစ်ချို့ကလည်း ဟိုးအရင်ကတည်းက ရိုးစွဲလာခဲ့၊ ငါဒီ လို မလုပ်ရင် နတ်များကိုင်မလားဆိုတဲ့ ရိုးရာစွဲတွေကြောင့် ဆင်ခြင်တုံတရားကြီးကို ဖုံးအုပ်ခြင်းခံရပါတော့ တယ်။ ကိုယ့်ကြိုးစားလို့ အောင်မြင်တာတောင်မှ ဒါ ဘယ်ကိုယ်တော်က စောင့်ရှောက်ကူညီပေးတာလို့ ထင်ကြပါတယ်။ အယူမှားလမ်းလွဲနေလိုက်ကြတာ။
ဟိုးအရင် အနော်ရထာမင်းလက်ထက်ကတည်းက ဒီနတ်ကိုးကွယ်မှုကို နှိမ်နှင်းခဲ့ပါတယ်။ အခုနတ် လှောင်ကျောင်းဆိုတာ အနော်ရထာမင်းကြီးနတ်ရုပ်တွေကို လှောင်ထားခဲ့တဲ့နေရာပါ။ ဘယ်လောက်ပဲ နှိမ်နှင်း ဖမ်ဆီး ဖမ်းဆီး ခိုးပြီးကိုးကွယ်နေကြမြဲပါပဲ။ နောက်တော့ အနော်ရထားမင်းကြီးက တိုင်းသူပြည်သားတွေ ဘုရားလည်းဖူး ၊နတ်လည်းကိုးကွယ်လို့ရအောင် တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်အနေနဲ့ ရွှေစည်းခုံ ဘုရားရဲ့ တံတိုင်းအတွင်း၊အပြင်တွေမှာ နတ်ရုပ်တွေကိုထားရှိစေပါတယ်။ အဲဒီမှာပဲ အပြင်(၃၇)မင်း အတွင်း(၃၇)မင်းဆို ပြီး ပေါ်လာတော့တာပါပဲ။
ဗေဒင်ဆရာပုဏ္ဏားတွေကို ယုံကြည်မှုဟာလည်း အခုခေတ်မှာ တော်တော်လေးလွန်ကဲလာတာကို တွေ့ရပါတယ်။ ဗေဒင်ဆရာပြောလျှင် ပြောတိုင်းအကုန်လုပ်ကြတော့တာပါပဲ။ကဲလက်ဖက်ရည်ဆိုင်ဖွင့်မယ့်သူတစ်ဦးပေါ့ခင်ဗျာ။စီးပွားရေးကောင်းအောင််၊ လူသောက်များအောင် ဗေဒင်ဆရာ ကိုသွား မေးပါတယ်။ဗေဒင်ဆရာ ကတော့ဘယ်နားမှာဘယ်လိုလုပ်၊ဒါလေးကိုအဆောင်ယူပြီးလုပ်ဆိုရင်တော့လုပ်ပြီပေါ့ခင်ဗျာ။အဲ့ဒီလက်ဖက်ရည် ဆိုင် လုံးဝရောင်းမကောင်းပါ။ ဘာလို့ရောင်းမကောင်းတာပါလဲ။ သူဖွင့်တဲ့နေရာက တော်တော်လေးချောင်ကျ တယ်၊ သူ့တို့လမ်းထိပ်ဖက်မှာလည်း အခြားသော လက်ဖက်ရည်ဆိုင်များရှိနေတယ်လေ။ ဘယ်လိုပါလဲ။ ဗေဒင်ဆရာကို အားကိုးကျတာကိုး၊ ကိုယ့်ဟာကိုယ်ဆန်းစစ်ကြည့်ရင် ဗေဒင်တောင်သွားမေးစရာမလိုပါဘူး။
ကျွန်တော်တို့ဗုဒ္ဓမြတ်စွာဘုရားရဲ့အလိုတော်နဲ့ သူတို့ပုဏ္ဏား၊ ဗေဒင်ဆရာတွေရဲ့အလိုကို ကြည့်ကြပါဦး။ သူတို့ပုဏ္ဏား၊ ဗေဒင်ဆရာတွေက ကောင်းကင်နက္ခတ်ဂြိုဟ်ကြီးတွေရဲ့ ပြောင်းလဲမှုဟာ လူတွေရဲ့ ကံကြမ္မာနဲ့ ဆိုင်ပါသတဲ့။ မြတ်ဗုဒ္ဓကတော့ လူတွေ့ရဲ့ ကုသိုလ်၊ အကုသိုလ်၊ ကိုယ်ကျင့်တရားကောင်းမှု တွေကသာမိမိတို့ရဲ့ကံကြမ္မာဂြိုဟ်နက္ခတ်တွေကို ပြောင်းစေပါတယ်တဲ့။မိတ်ဆွေများခင်ဗျာ. .မြတ်ဗုဒ္ဓအလိုနဲ့ သူတို့ပုဏ္ဏား တွေ ရဲ့ အလို တူတယ်လို့ထင်ပါသလား။ လုံးဝလုံးဝကွဲပြားခြားနားပါတယ်။ မိတ်ဆွေတို့ဆိုရင်ကော ဘယ် အလိုကို လိုက်ပါမလဲ ? ။..။
ဒီတော့ ကျွန်တော်တို့တွေ မိရိုးဖလာကိုးကွယ်မှုအဆင့်ကနေ တကယ့်ဗုဒ္ဓဘာသာဖြစ်အောင် ကြိုးစားကြစို့လားခင်ဗျာ

lin oo (psy)
5 comments:
That's right! ကျွန်မလည်း ဘာသာတရားကိုပဲယုံကြည်တယ်...
အင်း ဟုတ်တယ် အကိုရေ။ နတ်တွေကို အရမ်း ကိုးကွယ်ကြတာပဲ သိလား။ သဲကတော့ အဲဒါတွေ မကြိုက်ဘူး။ အိမ်မှာဆို အိမ်တွင်းနတ်တွေလည်း မရှိဘူး။ ဘုရားသန့်သန့်လေးပဲ။
ကျနော်က Blogspot မဟုတ်တော့...Comment ရေးဖို့ ဂွကျနေတယ်...
အဟောင်းလိပ်စာလေးနဲ့ ၀င်ရေးလိုက်တယ်။
ကျနော်မြင်တာကတော့...
ဒီလိုရောထွေးတဲ့ ကိုးကွယ်မှုမျိုးဟာ မြန်မာမှာတင် မကပါဘူး။ တခြားဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း တွေ့ရပါတယ်။
ပထမတချက်အနေနဲ့ ပြောလို့ရတာက ဗုဒ္ဓဝါဒရဲ့ Flexible ဖြစ်မှုကြောင့်လို့ ဆိုရမှာပဲ။ နောက်တစ်ချက်ကတော့ လူတွေရဲ့ Spiritual Needs ကြောင့်ဗျ။ စိတ်ခိုကိုးရာလိုမျိုး လူမှုအပူတွေကျတော့ အကုသလတရားတွေဖက်လေတော့ အခါခပ်သိမ်း ဘာသာရေးလမ်းစဉ်နဲ့ မကိုက်ဘူးဗျ။ အဲဒီအခါမှာ နတ်တို့၊ မှော်တို့၊ ဘိုးတော်တို့က နေရာဖြည့်ကြတာပဲ။
ဒါပေမယ့် ခေတ်ကာလအလိုက် ပြောင်းလဲသွားဖို့ မျှော်လင့်လို့ ရပါတယ်။ ကျနော်တို့ ငယ်ငယ်ကနဲ့ အခု ယှဉ်ကြည့်ဗျ။ (၁) နတ်ကန္နားပွဲတွေ နည်းသွားတယ်၊ (၂) လူငယ်တွေက ၃၇ မင်းနတ်၊ ရိုးရာ စတာတွေကို မျက်နှာလွဲရဲလာကြတယ်။ ကျနော်တို့ အမေတွေခေတ်တုန်းက ရိုးရာကိုင်မှာ သိပ်ကြောက်တာပေ့ါ။ ဒါက ဆိုက်ကိုတစ်မျိုးကိုး။
ပုဂံခေတ်က စလာတဲ့ နတ်ကိုးကွယ်မှုဟာ Phenomena တစ်ခုလို ဖြစ်ခဲ့ပေမယ့် အခု နောက်မျိုးဆက်တွေရဲ့ လူမှုကဏ္ဌမှာ နေရာသိပ်မရှိတော့ပါဘူးဗျာ။
ဒါပေမယ့် တစ်ခုတော့ ထောက်ပြချင်တယ်။ ဒီလို လစ်ဟာသွားတဲ့ ဘာဘာရေး စာမျက်နှာမှာ စစ်မှန်တဲ့ ဗုဒ္ဓဝါဒလမ်းကြောင်းကို သံဃာတွေက ချမပေးနိုင်ဘူး၊ ချပေးဖို့ ဂရုမထားနိုင်ဘူး၊ သို့မဟုတ် ဘာသာရေးဟာ ဖိနှိပ်မှုအောက်မှာ ဟန်ပြရှိနေမယ်ဆိုရင် မျိုးဆက်သစ်တွေဟာ (၁) ဘာသာရေးနဲ့ ဝေးသွားမယ် (ဥပမာ-ထိုင်း) (၂) အဲဒီခင်ဗျားတို့ မနှစ်မျို့တဲ့ နတ်တွေဆီ Spiritual Rely အတွက် ပြန်လည်သွားကြလိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ကျနော် ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ကျနော့် ပုဂ္ဂလိက အမြင်ပါဗျာ။ လွတ်လပ်စွာ ကွဲလွဲကြပါ။
ကျနော်နဲ့ ၃၇ မင်း ရေစက်နီးဖူးပြီး ပြန်ပြောရရင် ဟာသမြောက်မယ့် အဖြစ်ရှိခဲ့ဖူးတယ်။
နောက်မှ ရေးမယ်ဗျ..နော်။
အစဖော်ပြီင်္း ဆွပေးတာကျေးဇူး။
Thinker
http://mmthinker.iblogger.org/
ဘယ်နတ်မှ မကိုးကွယ် မယုံကြည်ပါဘူး။ အရင်က နတ်အကြောင်း သေချာမသိပေမယ့် "ဖြူးဆရာတော်ရဲ့ သွေးနဲ့ရေးတဲ့သာသနာ"တရားတော်ကို နာဖူးကတည်းက အနန္တောအနန္တငါးပါးကလွဲပြီး ဘာမှမယုံကြည်ပါဘူး။
ဟုတ်တယ် အကို.
နတ်ကိုးကွယ်မှုကတော့ ဘယ်တော့မှတိမ်မြှုပ်မယ်မထင်ဘူး.
လူတွေက သူတို့အဆင်ပြေတာမရှိရင်. နတ်ကိုးလိုက်. ဗေဒင်ဆရာဆီပြေးလိုက်နဲ့. ဆွမ်းဆန်စိမ်းလောင်းဖို့အလှူခံလာရင်သာမသိဘဲရှိမယ်. နတ်ကနားပွဲတော့ပြေးနေကြတာပဲ..စိတ်ညစ်စရာနော်.
Post a Comment
ကဗျာဆရာ
အသပြာနတ္တိ
ဈေးထဲမှာ မုန့်လုပ်ရောင်း
၀မ်းကျောင်းနေ၏.......။
လင်းဦး(စိတ်ပညာ)